JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၁-၁၂-၂၀၂၅ (ကြာသပတေးနေ့) မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။  
အစည်းအဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဘဏ္ဍာငွေသုံးစွဲပြီးစီးမှု အခြေအနေများကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ်က Power Point Presentation ဖြင့် ရှင်းလင်းပြသခဲ့ပြီး အပြီးသတ် ဆောင်ရွက်မည့် လုပ်ငန်းများကို သတ်မှတ် အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်များအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

1-403

အကြံပြုစာ/တိုင်ကြားစာ