၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက် ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၂) ရက် တွင် စာအုပ်  (၄)  အုပ် ထပ်မံရရှိ

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၀ ပြည့်နှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၀ ပြည့်နှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppe Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၈) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၂) ရက်တွင် စာအုပ် (၄) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည်-

(၁) မြက်ခင်းလဲ့လဲ့ မြေညီညီ၊ အက်ဆေးစုစည်းမှု - မောင်ရင့်မာ (ကျောင်းကုန်း)၊ (၂) အများအခေါ် နပိုလီယန် - မောင်ဆွေသက်၊ (၃) ဘိုးဘိုးပြောတဲ့ပုံပြင်များ အတုယူစရာ မြန်မာလူကျော်ကြီးများ - ဆရာဦးမောင်မောင်ဦး (ဟိန်းလတ်)၊ (၄) ဆန်ဖို့ကြိုးစားရင်း စုန်ဖြစ်သွားတဲ့မြစ်တစ်စင်း - ကိုကိုလင်း အမေ့အိမ်

အကြံပြုစာ/တိုင်ကြားစာ