မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့၏ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ အစည်းအဝေးကျင်းပ

 မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့၏ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ (၂-၂-၂၀၂၂) ရက်နေ့ မွန်းလွဲ ၁ : ၃၀ က စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသန့်တင်၊ တွဲဖက်အတွင်းရေးမှူး၊ စာပေဗိမာန်စာတည်းမှူး ဒေါ်ဇင်မာထွေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဒေါက်တာသိန်းလွင် (မြန်စာမြေသိန်းလွင်)၊ ဒေါက်တာစောမြအောင်၊ ဦးထွန်းအုံ (အေးထွန်းမင်း)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်နုနုယဉ် (နန်းညွန့်ယဉ်ခမ်း) နှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ကို ဆောလျင်စွာ ပြုစုထုတ်ဝေရေးနှင့် စာတည်းအဖွဲ့က ပြုစုထားသည့် စာမူများအပေါ် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့က အကြံပြုလမ်းညွှန်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

1-98
2-81

3-47

4-19

5-11

6-10

အကြံပြုစာ/တိုင်ကြားစာ