၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၀ ပြည့်နှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ကနဦးအတည်ပြုအဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူုတော)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၂၀ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ကနဦးအတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

6-3


7-1

အကြံပြုစာ/တိုင်ကြားစာ