၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးညှိနှိုင်း အစည်းအဝေး ကျင်းပ

 ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးညှိနှိုင်း အစည်းအဝေးသို့ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်လတ် (နောင်)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးညှိနှိုင်း အစည်းအဝေးနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

1
 

2

အကြံပြုစာ/တိုင်ကြားစာ