၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၀ ပြည့်နှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ကနဦးအတည်ပြုအဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဒေါ်နွဲ့နွဲ့ (ရွှေကူနန်းနွဲ့နွဲ့) တို့က ခွင့်ပန်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ၂ဝ၂၀ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ကနဦးအတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-79
 

2-62

3-34

4-10

အကြံပြုစာ/တိုင်ကြားစာ