မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၁) ထုတ်ဝေဖြန့်ချိရေးနှင့် (၂၀၂၂) ပြုစုရေးမာတိကာမူကြမ်းဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၁၃-၁၀-၂၀၂၁ ရက်နေ့ မွန်းလွဲ ၁ : ၃၀ နာရီက ကုန်သည်လမ်းရှိ စာပေဗိမာန် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတိုးကျော် (စာတည်းမှူးချုပ်)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး-၁)၊ ဒေါက်တာစိုးနိုင် (ပါမောက္ခဌာနမှူး)၊ ဒေါက်တာစောမြအောင် (ဌာနမှူး)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါ်နုနုယဉ် (စာတည်းမှူး-ငြိမ်း)၊ ဒေါ်ယဉ်မင်းထွေး (ဒုတိယစာတည်းမှူးချုပ်-တာဝန်)၊ ဒေါ်ဇင်မာထွေး (စာတည်းမှူး) နှင့် စာပေဗိမာန်စွယ်စုံကျမ်းနှစ်ချုပ် ဌာနစိတ်မှစာတည်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၁) ထုတ်ဝေဖြန့်ချိရေးနှင့် (၂၀၂၂) ပြုစုရေးမာတိကာမူကြမ်းဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့၏ ဆောင်ရွက်ထားမှုများကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးကို မွန်းလွဲ ၃ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။