၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက် နံနက် (၁ :၀၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ကြီးအစည်းအဝေးသို့ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ဦး (ကျော်ဦး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဒေါ်နွဲ့နွဲ့ (ရွှေကူနန်းနွဲ့နွဲ့)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ပါမောက္ခဦးကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဦးဇော်ဌေး (ရန်ကုန်ဌေးဇော်)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ကြပြီး ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု ဘာသာရပ်အဖွဲ့ငယ်ခေါင်းဆောင်များက ဘာသာရပ်အလိုက် စာမူများ စိစစ်ရွေးချယ်ထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် တက်ရောက် လာသူများက လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး အစည်းအဝေးကို မွန်းလွဲ (၂:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။