“ကျော်ခန့်” ရေးသားသည့် “ရင်ငြိမ်းအေး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ရင်ငြိမ်းအေး” စာအုပ်သည် မိသားစု၏ အေးမြသည့် ချစ်ခြင်းမေတ္တာ၊ အခက်အခဲကြုံတွေ့ရစဉ် ညီအစ်ကိုမောင်နှမမွေးချင်းများ၏ ဖေးမကူညီဖြေရှင်းပေးမှုနှင့် မိသားစုအတွင်း ဖြစ်လေ့ဖြစ်ထရှိသော ပဋိပက္ခများကို မေတ္တာဖြင့် ပြေငြိမ်းစေသည့် ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။ ဇာတ်အိမ်ကို ပီပြင်စွာ တစ်ဆင့်ပြီးတစ်ဆင့် အချိတ်အဆက်မိမိရသမြောက်စွာ ရေးဖွဲ့ထားသဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းလှသောကြောင့် စာဖတ်သူများ လက်မလွှတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၃ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။