“နေစိုးသော်” ရေးသားသည့် “အဝိဇ္ဇာ ဝတ္ထုတိုပေါင်းချုပ်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“အဝိဇ္ဇာ ဝတ္ထုတိုပေါင်းချုပ်'' စာအုပ်တွင် ဝတ္ထုတို (၁၁) ပုဒ်ပါဝင်သည်။ ဇာတ်ကောင်တစ်ဦးကို ပင်တိုင်ထား၍ ၎င်း၏ဝန်းကျင်ရှိလူများ၏ အဝိဇ္ဇာ (အမှောင်) ကြောင့်ဖြစ်သော အကျင့်စရိုက်အမျိုးမျိုးကို မီးမောင်းထိုးပြထားသည့် ဝတ္ထုများဖြစ်သည်။ နေ့စဉ်ဖြတ်သန်းရသော ဘဝအလီလီ၊ အဖြစ်အပျက် အဖုံဖုံ၊ အတွေ့အကြုံအမျိုးမျိုးကို ပီပီပြင်ပြင် ရေးဖွဲ့ထားရာ စာဖတ်ပရိသတ်များအတွက် ဆေးရောင်စုံပြကွက် များ ခံစားရမည့်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။