“မောင်လွယ်အိတ်” ရေးသားသည့် “နွားပွဲစား၏စကားအလင်္ကာ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“နွားပွဲစား၏စကားအလင်္ကာ'' စာအုပ်တွင် မြန်မာ့ကျေးလက် တောင်သူလယ်သမားတို့အနေဖြင့် နွားကို မရှိမဖြစ် အသုံးချကြရပုံ၊ စက်မှုလယ်ယာနစ် အရှိန်မရမီ ခိုင်းနွားအတွက် အရောင်းအဝယ် အလဲအလှယ်ပြုကြရပုံ စသည့် နွားပွဲစားတို့၏ အခန်းကဏ္ဍများပါဝင်ပြီး နွားပွဲစားသည် နွား၏ ကြန်အင် လက္ခဏာ အပြစ်အနာအဆာတို့ကို ကြည့်ရှုရာတွင် ကျွမ်းကျင်ရပုံ၊ စကားပရိယာယ် ကြွယ်ဝရပုံတို့ကို ကျေးလက်အငွေ့အသက် စရိုက်သဘာဝများပါဝင်အောင် သရုပ်ဖော်ရေးဖွဲ့ထားသော ပြဇာတ်ဖြစ်သည့် အတွက် စာဖတ်သူများအတွက် သုတရော၊ ရသပါ ရရှိစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၄ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။