“နွေကံ့ကော် (မြို့လှ)” ရေးသားသည့် “မော်စကိုမှဝေတဲ့နှင်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် ပထမဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“မော်စကိုမှဝေတဲ့နှင်း” စာအုပ်တွင် ရုရှားသူ ဆရာမလေး ဆားရှာနှင့် ဇာတ်ဆောင် ကိုမျိုးထွေးတို့ ချစ်ကြိုးသွယ်ခဲ့ပုံ၊ နိုင်ငံခြားသူပင်ဖြစ်သော်လည်း သားအပေါ်ထားရှိသည့်မိခင်မေတ္တာ၊ ခင်ပွန်းအပေါ်ထား ရှိသည့် သစ္စာတရားတို့ကြောင့် မွေးရပ်မြေရုရှားကို စွန့်ခွာခဲ့ပုံတို့ကို စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်း ဇာတ်ကွက်များဖြင့် ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။