ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၄၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ် ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ရတနာပုံလေကြောင်းပျံသန်းမှုဆိုင်ရာ ကုမ္ပဏီလီမိတက် (Yatanarpon Aviation Support Company Limited) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေများအရ ကုမ္ပဏီအား ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်အကြွေးများတောင်းခံရန် သတိပေးခြင်း၊ BENRI COMPANY LIMITED အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ်အစည်း အဝေးဖိတ်ကြားခြင်း၊ Thuriya Strength Agency CO., LTD မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ DIK (Myanmar) Co., Ltd (Company Registration No. 105642253) Notice of Special Resolution For Members’ Voluntary Winding-up Pursuant to Section 348၊ EASY ASSET MANAGEMENT ASIA MICROFINANCE LIMITED (Company Registration No. 117848213) Notice of Special Resolution For Members’ Voluntary Winding-up Pursuant to Section 348 တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။