၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု များ ရွေးချယ်ပေးခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၇-၁၂-၂၀၂၁ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး-၁)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဒေါက်တာသန်းမြင့် (ဒေါက်တာမြင့်သန်း-ညောင်လေးပင်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးခင်မောင်အေး (KMA)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ--ကြို့ပင်ကောက်)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဒေါက်တာမျိုးသန့်တင်၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါနွဲ့နွဲ့ (ရွှေကူနန်းနွဲ့နွဲ့)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဦးဇော်ဌေး (ရန်ကုန်ဌေးဇော်)၊ ဦးညွန့်ဟန် (ညွန့်ဟန်-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်လတ် (နောင်)၊ ဒေါက်တာတိုးလှ၊ ဦးဇော်မင်းဦး (ဇော်မင်းမင်းဦး)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးသန်းအေး (စလင်းဘုန်းကျော်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ဂုဏ်ပြုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသားစာပေဆုများကို ရွေးချယ်ပေး ခဲ့ကြသည့် ပညာရှင် ၂၈ ဦးအတွက် ဉာဏ်ပူဇော်ခ ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌအားပေးအပ်ခဲ့သည်။
ထို့နောက် စာပေဗိမာန်စာမူဆုရွေးချယ်ပေးခဲ့ကြသည့် ပညာရှင်များ ၂၄ ဦးအတွက် ဉာဏ်ပူဇော်ခ ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌအား ပေးအပ်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မွန်းလွဲ ၂ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။