၁၈- ၁၂- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၅၁)၌ လောဘနည်း၍ သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထားပါက မိမိတွင်လည်း ကောင်းမွန်သော အကျိုးရလဒ်များ ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “ရွှေကျီးလေးနှင့် ဖြူဖြူ” မျက်နှာဖုံးကာတွန်း၊ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာ၌ ၎င်းနှင့် သက်ဆိုင်သည့် သဘောသဘာဝများကို လေ့လာသိရှိထားရမည်ဖြစ်ကြောင်းကို  တင်ဆက်ထားသည့် “သူ့အထာနှင့် သူ” နှစ်မျက်နှာကာတွန်း၊ မိမိလိုချင်တာကို ရအောင်ယူတတ်သော လင်းသစ်အကြောင်းကို ဟာသဖြစ်ဖွယ်  တင်ဆက်ထားသည့် “လင်းသစ်” နှစ်မျက်နှာကာတွန်း၊ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ဆောင်ရွက်ခြင်းဖြင့် ရောဂါဘယများ ကင်းရှင်းစေကြောင်းကို   တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေကောင်း အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဒုက္ခတွေ့ပါက မျှဝေခံစားသင့်ကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်းနှင့် ကျောင်းမှန်မှန်တက်ပါက ကျောင်းစာများကို အခက်အခဲမရှိ လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း  တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည့် လင်းပိုင်အကြောင်းကို တင်ဆက်ထားသည့် “လင်းပိုင် အကြောင်းသိကောင်းစရာ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ သူတစ်ပါးအနေဖြင့် မိမိအပေါ်၌ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိက စိတ်ကောင်းစေတနာထားကာ ဆောင်ရွက်ပေးသင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် “လူကောင်းတစ်ယောက်ဖြစ်ချင်သူ” ပုံပြင်နှင့် သူငယ်ချင်းများအနေဖြင့် မရှိအတူရှိအတူ မျှဝေစားသောက်သင့်ကြောင်းကို တင်ဆက်ထားသည့် “နှာမြောစိတ်မထားတော့ပါ” ဝတ္ထုတို့ကိုလည်း ဖော်ပြထားပါသည်။ ထို့ပြင် ရုပ်ပုံထဲရှိ တိရစ္ဆာန်များကို သူတို့ကြိုက်တတ်သည့် အစားအစာများနှင့်  တွဲဖက်ပေးနိုင်မည့် “အောက်မှာ ဖော်ပြထားတဲ့ တိရစ္ဆာန်လေးတွေကို သူတို့ကြိုက်နှစ်သက်တဲ့ အစာတွေနဲ့ တွဲပေးကြပါဦး” ဉာဏ်စမ်းနှင့် မိမိတို့၏ လောဘကြောင့်ဖြစ်စေ၊ လုပ်နည်းကိုင်နည်း ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ မိမိရည်မှန်း ထားသည်များကို မရရှိသည့်အပြင် ရင်းနှီး စိုက်ထုတ်ထားသမျှပါ ထပ်မံဆုံးရှုံးမှုများ ကြုံတွေ့နိုင်ကြောင်းကို ကလေးများ သတိပြုဆင်ခြင်နိုင်စေရန် တင်ဆက်ထားသည့် “ဖွတ်မရ ဓားမဆုံး” စကားပုံတို့ကိုလည်း တင်ဆက်ထားပါသည်။ မြန်မာ့ဆယ့်နှစ်လတွင် စာဆိုတော်လဖြစ်သည့် လမြတ်နတ်တော်အကြောင်းကို စပ်ဆိုထားသည့်  “လမြတ် နတ်တော်” ကဗျာနှင့် noun များ၏ ပိုင်ဆိုင်မှုများအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍတို့ကို ထည့်သွင်း ဖော်ပြထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊  ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ