ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁)၌ ဝီရိယနည်း၍ နမော်နမဲ့နိုင်လွန်းသော မစံပယ်၏အကြောင်းကို တင်ဆက်ထားသည့် “နမော်နမဲ့များကြောင့်” မျက်နှာဖုံး ကာတွန်း၊ ရိုးသားလွန်းသော မောင်ရိုးအကြောင်းကို တင်ဆက်ထားသည့် “အလွန်ရိုးတဲ့ မောင်ရိုး” နှစ်မျက်နှာ ကာတွန်း၊ အချင်းချင်းကူညီရိုင်းပင်းကာ လုပ်ဆောင်ပါက အောင်မြင်မှုများ ရရှိနိုင်ကြောင်းကို သရက်စေ့လေးမှ အသီးအရွက်များဖြင့် ဝေဆာနေသော သရက်ပင်ကြီးဖြစ်လာပုံဖြင့် ဥပမာပြုတင်ဆက်ထားသည့် “ကူညီဖေးမ တို့ဘဝ” နှစ်မျက်နှာကာတွန်း၊ လုပ်ဆောင်ဖွယ်ရာကိစ္စများကို ဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး နားလည်မှုထားကာ ဝိုင်းဝန်း လုပ်ဆောင်ပါက အရာရာအောင်မြင်နိုင်ကြောင်းကို တင်ဆက်ထားသည့် “စိုးကြီး” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းသော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် ဗာဒံစေ့ကို ချောကလက်လေးထဲမှ အစေ့များနှင့်လွဲကာ ပုပုနှင့်သူ့အဖေတို့ ပြောဆိုပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးများ လွတ်လပ်ရေးနေ့ကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေးပြန်လည်ရယူပုံ အကြောင်းအရာအကျဉ်းချုပ်ကို တင်ဆက်ထားသည့် “ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ သူတစ်ပါး၏ ကျေးဇူတရားကို မသိရှိဘဲ စဉ်းစားဉာဏ်မဲ့စွာ ပြုမူခဲ့၍ ဒုက္ခရောက်ရသော ကျီး အကြောင်းကို တင်ဆက်ထားသည့် “မြစ်ထဲက ကျီးကန်း” ပုံပြင်နှင့် သစ်ပင်စိုက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တင်ဆက်ထားသည့် “တစ်ဆင့် စကား” ဝတ္ထုတို့ကိုလည်း ဖော်ပြထားပါသည်။ ထို့ပြင် ပေးထားသောရုပ်ပုံကို ကလေးတို့စိတ်ကြိုက် ဆေးရောင် လှလှလေးများကို ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းတို့ကိုလည်း တင်ဆက်ထား ပါသည်။ မြန်မာတို့၏ လွတ်လပ်ရေးနေ့အကြောင်းကို စပ်ဆိုထားသည့် “မြန်မာ့လွတ်လပ်ရေး” ကဗျာနှင့် noun များ၏ ပိုင်ဆိုင်မှုများအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍတို့ကို ထည့်သွင်းဖော်ပြထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။