၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ(၄၉)၊ အမှတ်(၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ဆေးယဉ်ပါးမှု ရပ်တန့်ဖို့ အသိပညာပေးကြစို့”ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ပဋိဇီဝဆေးများ ယဉ်ပါးလာမှု ကာကွယ်ကြစို့၊ ရောဂါပိုးများ ဆေးယဉ်ပါးလာမှု ရပ်တန့်ရေး၊ ဆေးယဉ်ပါးမှု ရပ်တန့်ဖို့ အသိပညာပေးကြစို့၊ လူငယ်ရေးရာကဏ္ဍတွင် မိမိကိုယ်ကို ယုံကြည်ဖို့အတွက်၊ ဘီးတပ်ကုလာထိုင်၊ မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်နှင့် ချိုသာသော အပြုံး၊ ဆင့်၍ ဆင့်ကာတက်လှမ်း လူငယ်တွေရဲ့ လမ်း(၂)၊ အိုင်စီတီကဏ္ဍအတွက် အလွန်အရေးပါသော ဆက်သွယ်ရေးဂြိုဟ်တုများ၊ ဆုပ်ကိုင်တွဲလက် မေတ္တာယှက်၊ ဒီလိုအစ်ကိုကြီးတစ်ယောက် ဖြစ်ချင်တယ်၊ စဉ်ဆက်မပြတ်တွေးပါ၊ လူငယ်များအတွက် စကားပြောခြင်းအတတ်ပညာ၊ ကဗျာကဏ္ဍတွင် အိုဘယ့်အလှ ချစ်နှမ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ရာနှုန်းပြည့် နှစ်မြှုပ်လုပ်ကိုင်ပါ၊ ပျော်ရွှင်ဖွယ်ရာ ဘဝအတွက် လျှောက်လှမ်းရမည့် ခြေလှမ်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အင်္ဂါဂြိုဟ် ပေါ်မှ ဖုန်မုန်တိုင်းများ၊ လူသားချင်း စာနာမှုဆိုင်ရာကဏ္ဍတွင် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၁)၊ ကမ္ဘာတစ်ဝန်းလုံးမှ ကျေးလက်ရိုးရာ ဆေးမြီးတိုများ၊ မူးယစ် ဆေးဝါးဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့မူးယစ်ဆေးဝါးသတင်းများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေး လုပ်ငန်းပေါ်တွင် အာရုံစိုက်ပါ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အသွင်ဆန်းပြား မြွေမျိုးများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် နာမည်ဝှက်နဲ့ နေခဲ့သူ၊ ဝတ္ထုတိုကဏ္ဍတွင် လှတာလေးမှ လိုချင် တယ်၊ ဆည်းဆာအဖြေ၊ အထွေထွေကဏ္ဍတွင် အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းသည်နှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။