၁၅- ၁- ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃) ထွက်ရှိ 

ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃)၌ စေတနာဖြင့် မိဘများ၏ ဆိုဆုံးမမှုကို ကောင်းမွန်စွာလိုက်နာသင့်ကြောင်း ရေးဖွဲ့ထား သည့် “ကျွမ်းကျင်ရာ” မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏ထင်မြင်ယူဆချက်ဖြင့် လုပ်ကိုင်ရာမှ ဖြစ်ပေါ်လာသော အလွဲများ ကို သတိပြုဆင်ခြင်ဖွယ်  တင်ဆက်ထားသည့် “ရွှေဖဲနှင့် လူကုန်ကူးမှု” နှစ်မျက်နှာကာတွန်း၊ သူ၏ဦးလေးကို ဒေါသ ဖြစ်အောင် နောက်ပြောင်လွန်းသော မင်းမင်းအကြောင်းကို ရေးဖွဲ့ ထားသည့် “မင်းမင်း” နှစ်မျက်နှာကာတွန်း၊ မိမိ၏အလှအပကို အထင်ကြီးမိ၍ ဒုက္ခရောက်ရသော သမင်လေး အကြောင်းကို တင်ဆက်ထားသည့် “အလှနိဂုံး” နှစ်မျက်နှာကာတွန်း၊ အလုပ်လုပ်ရာ၌ ဆင်ခြင်ဉာဏ်မဲ့စွာ မပြုလုပ်သင့်ပုံအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “တုံတုံ” တစ်မျက်နှာကာတွန်းနှင့် ရန်ပိုင်စိုးနှင့် သူ၏ဦးလေးဦးအောတို့ အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။

သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် မိမိတို့၏ နားလေးများအကြောင်းနှင့် ၎င်းတို့၏ အသုံးဝင်ပုံနှင့် အရေးပါပုံအကြောင်းကို သိရှိနိုင်စေရန် ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “နားအကြောင်း လေ့လာကြမယ်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ထို့ပြင် လိမ္မာပါးနပ် ၍ ဉာဏ်ပညာ ပြည့်ဝသော ပညာရှိလယ်သမားကြီးအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိ လယ်သမား” ပုံပြင်၊ သူတစ်ပါး၏ အသိုက်အမြုံကို မဖျက်ဆီးသင့်ကြောင်းကို တင်ဆက်ထားသည့် “မေမေ့မျက်ရည်” ဝတ္ထုနှင့် ကလေးတို့ အနေဖြင့် ပုံတွင်ဖော်ပြထားသော စက်ဝိုင်းများကို မျက်စိလျင်လျင်ဖြင့် ရေတွက်နိုင်မည့် “ကလေးတို့ရေ... စက်ဝိုင်းဘယ်နှဝိုင်းရှိလဲဆိုတာကို ရေတွက်ကြည့်ကြပါဦးကွယ်” ဉာဏ်စမ်းကဏ္ဍနှင့် Noun များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတို့လည်း ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ