၂၂-၁-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄)၌ ဆင်ခြင်ဉာဏ်မရှိဘဲ ဆောင်ရွက်သော အမှုကိစ္စများတွင် ဒုက္ခများနှင့် ကြုံရတတ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဆင်ခြင်ဉာဏ်” မျက်နှာဖုံးကာတွန်း၊ အချင်းချင်း မတွက်ကတ်တော့ဘဲ ခြံတံခါးပိတ်တော့မည်ဆိုသော ဝေဝေနှင့် ဆွေဆွေတို့ ညီအစ်မနှစ်ယောက် အကြောင်း ရေးဖွဲ့ထားသည့် “မတွက်ကတ်တော့ပါ” နှစ်မျက်နှာကာတွန်း၊ လူကြီး၊ မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစား ဂါဝရတရားထားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း တင်ဆက် ထားသည့် “ဆူးကလေး၏ ပေးတဲ့ဆု” နှစ်မျက်နှာကာတွန်း၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပါက ဘေးအန္တရာယ်ကင်းရှင်းတတ်ကြောင်း ရေးဖွဲ့ထားသည့် “မြသွန်းဖြိုးပါဝင်တဲ့ သတိ-ပိုသည်မရှိ” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းသော ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ၏ ဖြတ်ထိုးဉာဏ်” တစ်မျက်နှာကာတွန်းနှင့် မနေ့က သတင်းစာကိုဖတ်နေသည်ဆိုသော ပိုးလေးအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “မနေ့က” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် ယဉ်ကျေးမှုအလွှမ်းမိုးဆုံး နိုင်ငံနှစ်နိုင်ငံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် လောကတွင် မည်သည့်အရာမျှမမြဲဆိုသည့် အချက်နှင့် အမြဲစိတ်ရှည်တတ်ရမည်ဟူသော ခံယူချက်ကို ထားတတ်ရမည်ဖြစ်ကြောင်းကို ဖတ်ရှုရမည်ဖြစ် ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိရိုးဂုဏ်ကြောင့် ရရှိသော ဆုကြေးငွေကို လက်ခံလိုက်သော မောင်မောင်အကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းသစ်ကို ပြောင်းရွှေ့နေထိုင်သည့်အကြောင်း မိတ်ဆွေနှစ်ဦး အပြန်အလှန် ပြောဆိုထားပုံနှင့် ကွန်ပျူတာသုံးရာတွင် ပြဿနာပေါ်ပုံအကြောင်း အပြန်အလှန် ပြော ထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ