၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ(၄၉)၊ အမှတ်(၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ငြိမ်းချမ်းသော ပြည်ထောင်စုဆီ”ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ငြိမ်းချမ်းသော ပြည်ထောင်စုဆီ၊ ငြိမ်းချမ်းသော ပြည်ထောင်စုဆီသို့၊ ငြိမ်းချမ်းရေး ခရီးလမ်းများ ဖြောင့်ဖြူးသာယာစေရေး၊ လူငယ်ရေးရာကဏ္ဍတွင် လူသားဆန်မှု၊ ယုံကြည်ချက်နှင့် အသက်ရှင်သူ၊ ဆရာတို့အား ကျူးလွန်မှား သင်ကြားပညာ ပျောက်တတ်သည်၊ သိမှတ်ဖွယ်ရာ စကားထွေတလာ၊ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်မသွားရလေအောင်၊ လူငယ်များအတွက် စကားပြောခြင်း အတတ်ပညာ၊ ချစ်မေတ္တာအမွေ၊ အကောင်းမြင်စိတ် မွေးမြူပါ၊ မူးယစ်နွံနစ်၍ မူးယစ်ကျေးကျွန် ဖြစ်ကြရသူများ၊ ကောင်းကင်ယံမှ မိုးပျံပူဖောင်း၊ ကဗျာကဏ္ဍတွင် အလှမှန်သမျှ မြတ်နိုးစွ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ပါ၊ လူမှန်များ၏ အရေးပါမှု၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ယဉ်ကျေးမှုတို့၏ နိယာမတရား၊ ကမ္ပည်းမော်ကွန်း တင်ခံခဲ့ကြရသော အာကာသလွန်းပြန်ယာဉ်များ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေး နာလန်ထ မည်သို့မည်ပုံ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၂)၊ ကိုဗစ်အလွန် ကျန်းမာရေးပြဿနာများအကြောင်း၊ အိပ်မရရောဂါ စိတ်ကျရောဂါ ဖြစ်လာပြီဆိုမှဖြင့်၊ လူသားချင်း စာနာမှုဆိုင်ရာကဏ္ဍတွင် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍ တွင် အလှပဆုံး အသည်းပုံရေကန်များ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သူ၊ အဝါရောင် နှင်းဆီပွင့်လေးတွေ၊ ဝတ္ထုတိုကဏ္ဍတွင် အလောင်းအစား၊ အထွေထွေကဏ္ဍတွင် စွန့်ဦးတီထွင် အောင်ပွဲဝင်နှင့်ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။