“လွင်မြန်မာ (မန်းတက္ကသိုလ်)” ရေးသားသည့် “မြန်မာ့ရွှေချည်ထိုး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“လွင်မြန်မာ (မန်းတက္ကသိုလ်)” ရေးသားသည့် “မြန်မာ့ရွှေချည်ထိုး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မြန်မာ့ရွှေချည်ထိုး” စာအုပ်သည် ရွှေချည်ထိုးဝေါဟာရအဓိပ္ပာယ်၊ ရွှေချည်ထိုးသမိုင်းကြောင်း၊ ရွှေချည်ထိုး လုပ်ငန်းအမျိုးအစား၊ ရွှေချည်ထိုးရာတွင် လိုအပ်သောပစ္စည်းများ၊ ရွှေချည်ထိုးပြုလုပ်ပုံ၊ ရွှေချည်ထိုး နည်းစနစ်ဟန်များ၊ ဘော်ကြယ်ပြုလုပ်ပုံအဆင့်ဆင့်၊ နဂထာကြိုးများပြုလုပ်ပုံ၊ ရွှေချည် ထိုးရာတွင် ပြုလုပ်သော ဖန်ကျောက်များ၊ ရှေးက နန်းတော်သုံး ရွှေချည်ထိုးနှင့် ဂုန္တန်ထိုး အဆင်တန်ဆာများ၊ ရှေးခေတ် မင်းခမ်းတော်များမှ ရာထူးအလိုက် ရွှေချည်ထိုး အဆင်တန်ဆာများ စသည့် မြန်မာ့ ရွှေချည်ထိုးလုပ်ငန်းနှင့် ပတ်သက်၍ သုတေသနပြု ရေးသားထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ