“အေပရယ်ယုနိုင် (ရွှေတောင်)” ရေးသားသည့် “မမဆိုသော သမီးကြီး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“အေပရယ်ယုနိုင် (ရွှေတောင်)” ရေးသားသည့် “မမဆိုသော သမီးကြီး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မမဆိုသော သမီးကြီး” စာအုပ်တွင်   မိသားစုတစ်စု၏အကြီးဆုံးသမီးဖြစ်သူ မိန်းကလေးတစ်ဉီး၏ အလုပ်တစ်ဖက်နှင့် ပညာရေးကို ကြိုးပမ်းအားထုတ်ရင်း ညီမငယ်လေးများအတွက် စံပြဖြစ်အောင် ဉီးဆောင်ပုံ၊ အစ်မကြီးအမိအရာ ရပ်တည်သွားပုံ၊ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရပုံတို့ကို “နုနုငယ်ငယ်မမ၊ ခ‌ယောင်းလမ်းနှင့် ခြေလှမ်းများ၊ အမိအရာ၊ တက္ကသိုလ်ကျောင်းသူကြီး၊ ခြစ်သော အချစ်၊ မမဆိုသော သမီးကြီး၊ မမပန်းတောသူ” စသည့် ခေါင်းစဉ်ခွဲ ၇ ခုဖြင့် လူငယ်များအားကျအတုယူဖွယ် သရုပ်ဖော် ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ