၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။ 

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွွဲ့ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊

အပိုင်း (၄) CLAYTON PROPERTIES (MYANMAR) LIMITED Under Member’s in Company voluntary winding-up In the Matter of the Insolvency Law၊ TGO-BIO SCITECH (YANGON) COMPANY LIMITED Notice of Special Resolution (For Members’ Voluntary Winding-up)၊ TANG HONG MYANMAR COMPANY LIMITED (In members’ voluntary winding-up)၊ ANYA TAN, JON CHAN & NYK LIMITED Notice under Section 348 of the Myanmar Companies Law for Member’s Voluntary Winding-up of the Company၊ MYANMAR LI BAO HANDBAG COMPANY LIMITED Notice Under Section 206 (1) of the Myanmar Companies Act (In Voluntary Liquidation)၊ ZHONG TIAN (MYANMAR) BUILDING INSTALLATION COMPANY LIMITED နှင့် KING OF CAR BAGO COMPANY LIMITED တို့ (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ CONNECTUAL COMPANY LIMITED (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) အစုရှင်များဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေး ဖိတ်ကြားခြင်း၊ IS FREIGHT SYSTEM (MYANMAR) COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းရန်ကြေညာခြင်း၊ ပိန့်(စ်)ဝါး(လ်)ကုမ္ပဏီလီမိတက် (PAINTS WORLD COMPANY LIMITED) ကုမ္ပဏီစာရင်း အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Keiai Yangon Co., Ltd၊ Plus One Global Design Myanmar Co., Ltd နှင့် Azuma Logistics Myanmar Co., Ltd တို့ စာရင်းရှင်းလင်းဖျက်သိမ်းမှုနှင့် စပ်လျဉ်း၍ နောက်ဆုံးအပြီးသတ်အစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ