၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ မတ်လ၊ အတွဲ(၄၉)၊ အမှတ်(၃) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ကလေးတိုင်းအတွက် လှပသောအနာဂတ် ဖန်တီးရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကလေးများအတွက် လှပသောအနာဂတ် လုပ်ဆောင်ဖန်တီးရေး၊ မိမိရင်သွေး ဉာဏ်ရည်တိုးပွားရေး၊ သင်ရိုးမှားသော လက်ဦးဆရာများ၊ လူငယ်ရေးရာကဏ္ဍတွင် အမှောင်ထုကို ထွင်းဖောက်အောင်မြင်ခဲ့သူ၊ သဘာဝကပေးတဲ့ ပညာ၊ လူငယ်များအတွက် စကား ပြောခြင်း အတတ်ပညာ၊ မျက်စိ နှစ်လုံး၊ နား နှစ်ဖက်၊ ပါးစပ်ကျ တစ်ပေါက်တည်း၊ လူငယ်တွေ ခေါင်းဆောင်ပါ၊ ဘဝကြမ်းကြမ်း အတက်လမ်း၊ သန္တာကျောက်တန်း၏ ဖန်တီးရှင် ဗိသုကာများ၊ အိပ်မက်ကို အကောင်အထည်ဖော်ကြသူများ၊ ကစားပွဲလို သဘောထားပါ၊ လူ့အခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အပြန်အလှန်ဆက်စပ်၊ ကဗျာကဏ္ဍတွင် ပျော်ရွှင်ခြင်းနှင့် ဆင်းရဲခြင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဆရာတွေနှင့် အတူနေပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍ တွင် ယဉ်ကျေးမှုတို့၏ နိယာမတရား၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး၊ G7 အဖွဲ့၏ လုပ်ဆောင်မှု များ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် အချိုးကျ ကိုယ်စားပြုစနစ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးကျဆင်းခြင်းနှင့် ရီဆက်ရှင်း၊ ဒီပရက်ရှင်း၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် လူငယ်ဘဝ လှပရေး ရှောင်လေဝေးဝေး မူးယစ်ဆေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၃)၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပိုးပန်းသည့်အနေဖြင့် ကပြသော ငှက်များ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပင်လယ်ပြင်ကြီးဆီသို့၊ ဝတ္ထုတိုကဏ္ဍတွင် အချိန်တန်ရင် ပြန်ခဲ့မယ်၊ အထွေထွေကဏ္ဍတွင် အကြမ်းဖက်ခြင်းကို ကာကွယ်ပါ၊ အဝါရောင်အဖုံးနှင့် ကိုကာကိုလာနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။