ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၁)၌ မိမိတွင် ကျရောက်မည့် အန္တရာယ်ကိုမမြင်ဘဲ အစားအစာကိုသာ မက်မောမိ၍ ဒုက္ခရောက်ရသော မျောက်ဖိုးစိန်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးစိန်တို့များ စားလိုက်ရင်” မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါး၏ ကျေးဇူးတရားကို မထောက်ထားဘဲ မိမိ၏အလိုလောဘအတိုင်း ဆောင်ရွက်မိ၍ ဒုက္ခရောက်ရသော သားအမိသုံးဦးအကြောင်းကို သတိပြုဆင်ခြင်ဖွယ် ရေးဖွဲ့ထားသည့် “လောဘ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို အလွယ်တကူရယူပါက မိမိကပြန်ပေးရမည့် ပမာဏမှာ များပြားလာနိုင်ကြောင် ရေးဖွဲ့ထားသည့် “ဖိုးထူး” နှစ်မျက်နှာ ကာတွန်း၊ သူတစ်ပါးကို ကူညီပါက ထိုကောင်းမှုသည် သူတစ်ပါးတွင်သာမက မိမိတွင်လည်း ပျော်ရွှင်မှုများ ရစေနနိုင်ကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ကိုစည်နှင့် ပျော်ပါတယ်” နှစ်မျက်နှာကာတွန်း၊ ဉာဏ်ကောင်း၍ စကားကိုကတ်သီးကတ်သတ် ပြောတတ်သော လင်းသစ်အကြောင်းကို ရေးဖွဲ့ထားသည့် “လင်းသစ်ပါဝင်သည့် ဖေဖေလည်း” တစ်မျက်နှာကာတွန်းနှင့် စကားကို ကတ်သီးကတ်ဖဲ့ ပြောတတ်လွန်းသော ဖိုးလပြည့်တို့ သူငယ်ချင်း တို့နှစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တပေါင်းလတွင် ကျရောက်သည့် ပွဲတော်များကို ကလေးများဗဟုသုတဖွယ် တင်ဆက် ထားသည့် “တပေါင်းလပြည့်နဲ့ ဘုရားပွဲတော်များ” ဆောင်းပါးကို တင်ဆက်ထားပါသည်။ အလုပ်ကိစ္စများကို ဆောင်ရွက်ရာ၌ ရိုးရိုးသားသားဖြင့် တိကျသေချာစွာ ပြုလုပ်သင့်ကြောင်း ပညာပေးရေးဖွဲ့ထားသည့် “ရိုးသားကြိုးစား တိကျသေ ချာသူ” ပုံပြင်နှင့် ပစ္စည်းကိရိယာအချို့ကို မိမိတို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများနှင့် ပြုလုပ်ပါက အကုန်အကျ သက်သာကာ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေပုံကိုရေးဖွဲ့ထားသည့် “အဖိုးနည်း ဝန်ပါ ကစားစရာ” ကလေးဝတ္ထုတို့ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံကို မိမိတို့ စိတ်ကြိုက်အရောင်များ ရွေးချယ်ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ အပါအဝင် လူသားများကို ဒုက္ခပေးလျက်ရှိသော မူးယစ်ဆေးကို ကလေးများဝေးဝေးမှ ရှောင်ရှားနိုင်စေရန် အသိပညာပေးရေးဖွဲ့ထားသည့် “ရှောင်လေးဝေးဝေး မူးယစ်ဆေး” ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် ကြိယာ ဝိသေသနအကြောင်းကို ဥပမာဝါကျများဖြင့် တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍကို ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။