ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ “မောင်ခင်မင် (ဓနုဖြူ)” ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ “မောင်ခင်မင် (ဓနုဖြူ)” ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ယင်းစာအုပ်သည် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေ ကျန်းမာရေးပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ဆရာ၊ ဆရာမပေါင်း ရာဂဏန်းအထိရှိပုံနှင့် ကျေးဇူးတရားကြီးမားလှပုံကို ဆရာမောင်ခင်မင် (ဓနုဖြူ) က ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ရေးဖွဲ့ထားပါသည်။ 

ယနေ့သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများနှင့် သင်ကြားပို့ချမှုခံယူသော ကျောင်းသား၊ ကျောင်းသူ များ၏ စေတနာ၊ ခံယူချက်သဘောထား၊ ကျင့်သုံးဆောင်ရွက်မှု၊ အားထုတ်လုပ်ဆောင်မှုများကို ထပ်ဆင့်၍ အကျိုးရှိစေမည့်အပြင် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ကျရာအခန်းကဏ္ဍမှ လက်ဆင့်ကမ်း တာဝန်ယူ ဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်များကို စိတ်ဓာတ်အခြေခံမှအစ ထိန်းသိမ်းတည့်မတ်ပေးနိုင်မည် ဖြစ်ပါသည်။ ဆရာကြီးက ဤသို့သော စေတနာရည်ရွယ်ချက် ကောင်းများဖြင့် သုတရသမြောက်စွာ ရေးဖွဲ့ထားသောကြောင့် အိမ်တွင်မရှိမဖြစ် ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ