“ဦးရဲဒွေး” ရေးသားသည့် “ရုပ်သေးသဘင်သုံး ဇာတ်စာဇာတ်စကားများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ဦးရဲဒွေး” ရေးသားသည့် “ရုပ်သေးသဘင်သုံး ဇာတ်စာဇာတ်စကားများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာစာပေ ထပမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ရုပ်သေးသဘင်သုံး ဇာတ်စာဇာတ်စကားများ” စာအုပ်သည် ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကားများကို အခန်း ၁၄ ခန်းတွင် ခေါင်းစဉ်ငယ်များခွဲ၍ ဖော်ပြထားရာ နိဒါန်း၊ ရုပ်သေးဇာတ်စာ ဇာတ်စကားများ၊ တိုင်းပြည်တည်ခန်း၊ ရုပ်သေးအခေါ်အထူးများ၊ ရုပ်သေးမင်းသားတို့၏ အဖွဲ့အနွဲ့ ဇာတ်စကားများ၊ ရုပ်သေးမင်းသမီးတို့၏ အဖွဲ့အနွဲ့ဇာတ်စကားများ၊ ရုပ်သေးမင်းသားကြီးတို့၏အဖွဲ့အနွဲ့ ဇာတ်စကားများ စသည့် ဇာတ်စကားများနှင့် ရုပ်သေးသဘင်၏အင်္ဂါရပ်များကို နမူနာပြဇာတ်စကားများ ထည့်သွင်းရေးဖွဲ့၍ စနစ်တကျ စုစည်းပြုစုထားသည်။ ရုပ်သေးသဘင်၏သမိုင်းအကျဉ်းနှင့် ခဲကတ်နက်ရှိုင်းသော လူ့သဘာဝအဖွဲ့ ဇာတ်စာဇာတ်စကားများကို ခိုင်လုံသော အကိုးအထောက်များ နှင့် တင်ပြထားပြီး တိမ်ကောပျောက် ကွယ်လုနီးနီး မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ရုပ်သေးသဘင်ပညာရပ် အတွက် ဆင်ခြင်သုံးသပ်ဖွယ် ကောင်းသည့်အချက်များ ရရှိနိုင်သည့်အပြင် ပညာရပ်တစ်ခုကို နှိုက်နှိုက်နှဲနှဲ၊ ထဲထဲဝင်ဝင်၊ အခြေခံကျကျ ရေးသားပြုစု တင်ပြထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ