“မိုးမြင့်ဝင်း (မဟာဝိဇ္ဇာ)” ရေးသားသည့် “မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မိုးမြင့်ဝင်း (မဟာဝိဇ္ဇာ)” ရေးသားသည့် “မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ” စာအုပ်တွင်  အခန်း (၆) ခန်းခွဲကာ တင်ပြထားပြီး မင်းခမ်းတော်ဟူသည့် အဓိပ္ပာယ်ရှင်းလင်းချက်၊ လက်ယာမင်းခမ်းတော်၊ လက်ဝဲမင်းခမ်းတော်၊ မင်းခမ်းတော်ဆိုင်ရာ မဟာဂီတသီချင်းများ၊ ကြိုးသီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ ဘွဲ့သီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ သီချင်းခန့်များမှ မင်းခမ်းတော်ဖွဲ့သီမှု၊ မွန်သီချင်းများမှ မင်းခမ်းတော်ဆိုင်ရာဖွဲ့သီမှု စသည်ဖြင့် မင်းခမ်းတော်ဘွဲ့သီချင်းများနှင့်ပတ်သက်ပြီး မဟာဂီတထဲမှသုတေသနပြု ရှာဖွေဖော်ထုတ် ထားသည့်အတွက် သုတေသနပြုလိုသူများနှင့် မဟာဂီတသီချင်းများအကြောင်းကို ထဲထဲဝင်ဝင် လေ့လာ လိုက်စားချင်သူများ လက်ဝယ်ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ