၇- ၅- ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၁၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၉)၌ အသားငါးများကို မစားတော့ဘဲ ဟင်းသီးဟင်းရွက်ကိုပဲ စားတော့မည်ဆိုသော ဖူးလေးအကြောင်း ရေးဖွဲ့ထားသည့် “ငါးကြိုက်ခင်” မျက်နှာဖုံးကာတွန်း၊ မစူးစမ်းမဆင်ခြင်ဘဲ သူတစ်ပါးကို ကူညီဆောင်ရွက်ခြင်းကြောင့် မိမိကိုယ်တိုင်ပါ ဒုက္ခရောက် ရပုံအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် နှစ်မျက်နှာကာတွန်း၊ မိသားစုတစ်ခုတွင် အမှုကိစ္စများ ဆောင်ရွက်ကြရာတွင် မိသားစုဝင်များအချင်းချင်း  တိုင်ပင်ညှိုနှိုင်းပြီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာကာတွန်း၊ အားလပ်သည့်အချိန်တွင် အပြင်မထွက်တော့ဘဲ အိမ်တွင်နေကာ ပုံပြင်စာအုပ်ကိုသာ ဖတ်နေတော့မည်ဟုဆိုသော နှစ်မျက်နှာကာတွန်း၊ သူကိုယ်တိုင် ပိုက်ဆံမချေးလိုဘဲ သူငယ်ချင်းကို ပိုက်ဆံ ချေးရန် သဘောတူ တိုက်တွန်းနေသော ဖိုးတစ်တိုအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် တစ်မျက်နှာကာတွန်း၊ စကားကြွယ်ဝသော ကောင်းကောင်းတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် မျက်နှာဝက်ဟာသ ကာတွန်းနှင့် ဈေးမှကန်စွန်းရွက်ဝယ်ကာ ပြန်လာသော လူငယ်လေးအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ထူးဆန်းသော ငါးမျိုးစိတ်အချို့အကြောင်းကို တင်ဆက်ထားသည့် သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ဆရာဝန်ဆိုသည်မှာ လူနာများ၏ ရောဂါများကို သနားစိတ်၊ ကြင်နာစိတ်နှင့် ဝေဒနာများ သက်သာပျောက်ကင်းစေရန် ကုသပေးသော အားကိုးစရာ၊ လေးစားစရာ၊ ကျေးဇူးရှင်ဖြစ်ကြောင်း တင်ဆက်ထားသည့် ဝတ္ထုနှင့် ကလေးတို့အနေဖြင့် မိမိ၏ ဆောင်ရွက်ချက်များ၊ အတွေးအခေါ်များနှင့် ပေါင်းသင်းဆက်ဆံရေး စသည်တို့သည် အမှန်တကယ် ကောင်းမွန်မှန်ကန်သည့် အစစ်အမှန်များဖြစ်ရန် မိမိ၏ နှလုံးသားနှင့် ဦးနှောက်ကို အမြဲဖွင့်ထားရန် လိုအပ်ကြောင်း ရေးဖွဲ့ထားသည့် ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများအနေဖြင့် ပေးထားသောရုပ်ပုံလေးကို မိမိတို့စိတ်ကြိုက်အရောင်များ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ရအောင်” ကဏ္ဍအပါအဝင် ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့် ရရှိခံစားနိုင်သည့် ကျန်းမာရေးဆိုးကျိုးများအကြောင်းကို  ရေးဖွဲ့ထားသည့် ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့်  Adjective နဲ့ Adverb စကားလုံးများကို လေ့လာရာတွင် သတိထားရမည့်အချက်အချို့ အကြောင်းကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ