၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သော စာပေဗိမာန်သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၂၆ ရက်တွင် ၇၅ နှစ်ပြည့်မြောက်လျက် စိန်ရတုခရီးတိုင်ပြီ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေသွေးဌာနအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂) ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။
စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂) တွင် ကဗျာ၊ မြန်မာစကားပုံ၊ ပုံပြင်၊ ဝတ္ထုတို၊ ဉာဏ်စမ်း၊ ရွှေသွေးတို့လက်ရာ စာစီစာကုံးနှင့် ပန်းချီကဏ္ဍ၊ သုတဆောင်းပါးကဏ္ဍနှင့် ကာတွန်းဇာတ်လမ်းတို့ပါဝင်ပြီး သုတရသစုံလင်စွာ တင်ဆက်ထားပါသည်။ ကဗျာနှစ်သက်သော ကလေးများအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထားသည့် ကဗျာ (၁၆) ပုဒ် ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ကလေးများအတွက် သုတ၊ ရသများကို ဖော်ကျူးပေးထားသည့် ပုံပြင် (၅) ပုဒ်၊ ကလေးဝတ္ထုဇာတ်လမ်း (၅)ပုဒ်၊ သုတဆောင်းပါး (၃) ပုဒ်၊ ရွှေသွေးတို့လက်ရာ ပန်းချီ (၅)ခု၊ စာစီစာကုံး (၃) ပုဒ်တို့နှင့်အတူ ကလေးများ၏ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမည့် ဉာဏ်စမ်းကဏ္ဍတို့လည်း ပါဝင်ပါသည်။
ကာတွန်းကဏ္ဍတွင် ကာတွန်းဆရာကြီးများဖြစ်ကြသော ကာတွန်းဦးဘကြည်၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်းမောင်မောင်လေး၊ ကာတွန်းကျော်ထွဏ်း၊ ကာတွန်းသန်းကြွယ်၊ ကာတွန်းအောင်အောင်ထွေး၊ ကာတွန်းသူရ၊ ကာတွန်းသိက္ခာ၊ ကာတွန်း MGU မောင်ဦး၊ ကာတွန်းအောင်ရှိန်၊ ကာတွန်းရွှေရိုး၊ ကာတွန်းဆူးထက်အောင်၊ ကာတွန်းရန်ကြီးအောင်၊ ကာတွန်းဦးစိန်၊ ကာတွန်းမြတ်နိုး၊ ကာတွန်းမောင်တင်ယု၊ ကာတွန်းဝင်းမြင့်အောင်၊ ကာတွန်းစိုးတင့် (ဟီးနိုး)၊ ကာတွန်း ဒစ်ဂျစ်တယ်၊ ကာတွန်းကျောက်ပု၊ ကာတွန်းဝင်းဖေ (အဖျောက်)၊ ကာတွန်းမောင်ရွှေဝင်း၊ ကာတွန်းသက်စု၊ ကာတွန်းပြုံးချို၊ ကာတွန်းကျော်တင်မြင့်သစ်၊ ကာတွန်းကိုကျော် (ကြံခင်း)၊ ကာတွန်းထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်)၊ ကာတွန်းဝင်းသဉ္ဇာမျိုး၊ ကာတွန်းစိုးစံ၊ ကာတွန်းမိုးသွင်၊ ကာတွန်းဇက်တီ၊ ကာတွန်းစောဟန်၊ ကာတွန်းမင်းကောင်းကို၊ ကာတွန်းအောက်တိုဘာ အောင်ကြီး၊ ကာတွန်းသန့်စင်၊ ကာတွန်းကိုကောင်း၊ ကာတွန်းသာဦး၊ ကာတွန်းပေါ်လွင်ကျော်၊ ကာတွန်းထာဝရ၊ ကာတွန်းမောင်ဗချီ၊ ကာတွန်းကိုသက်ကြည်၊ ကာတွန်းကိုသင်း၊ ကာတွန်းလွမ်းမောင် (သုဝဏ္ဏ)၊ ကာတွန်းစမ်းချောင်းကိုကိုအောင်နှင့် ကာတွန်းရွှေမိုဃ်းတို့၏ လက်ရာများကို စုံလင်စွာ ဖတ်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ နာမည်ကျော် ကာတွန်းလက်ရာကျော်ဆရာများ၏ လက်ရာကောင်းလက်ရာ မွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည်ဖြစ်သည့်အပြင် အခြားစိတ်ဝင်စားဖွယ် ဝတ္ထု၊ ပုံပြင်၊ ကဗျာများကိုလည်း ဖတ်ရှုနိုင်မည့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၂) စာအုပ်ကို တန်ဖိုး ၃၅၀ဝိ/- ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန် အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။