ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်များနှင့် တွေ့ဆုံပွဲ အစည်းအဝေး (၉-၅-၂၀၂၂) ရက် နေ့လယ် (၁ : ၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအေးကြွယ်၊ စာပေဗိမာန်ရုံးစာတည်းမှူးချုပ် ဦးတိုးကျော်၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဝင် (၂၃) ဦး နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းတို့တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စာပေဖြင့် အမျိုးသားရေး နှင့် နိုင်ငံတော်အကျိုးစီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ကိစ္စရပ်များ ဆွေးနွေးကာ အစည်းအဝေးကို နေ့လယ် (၂ : ၃၅) တွင် ရုပ်သိမ်းခဲ့သည်။