စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ မေလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ မေလ၊ အတွဲ(၄၉)၊ အမှတ်(၅) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မူးယစ်ဆေးအန္တရာယ်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်၊ လူငယ်ရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်တတ်သော ပညာ၊ နစ်ခ်ဗိုအစ်ချစ် သို့မဟုတ် ကမ္ဘာကျော် စိတ်ခွန်အားပေးသူတစ်ဉီး၊ သင့်သဘောထားသည်သာ၊ ယနေ့တိုင် မမေ့နိုင်သေးသူများ၊ လူသားတို့အတွက် ဒုတိယကမ္ဘာ (၁)၊ ကျွတ်မပါသော တာယာ၊ ရှုံးနိမ့်သူရဲ့ အောင်နိုင်ခြင်း၊ လူငယ် များနှင့် ရည်မှန်းချက်၊ ကဗျာကဏ္ဍတွင် မွန်မြတ်သော သဘာဝတရား၊ အတွေးအခေါ်နှင့် တက်ကျမ်း ဆိုင်ရာကဏ္ဍတွင် အကောင်းထက် အကောင်းဆုံးကို မှန်းပါ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရေကို ချွေတာပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဘာသာစကားများအားလုံး၏ ထက်ဝက်ကျော် ပျောက်ကွယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၅)၊ ဗီတာမင် စီ ဖြည့်စွက်စာစားခြင်း၏ အကျိုးကျေးဇူးများ၊ သတိပြုဖွယ် အားဖြည့်အချိုရည်၊ ကျန်းမာရေးကို ဒုက္ခပေးသော ကွမ်းစားခြင်း၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးသူငယ်အလုပ်သမား ပပျောက်ရေး၊  အကြမ်းဖက်မှု ဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အားပေးကူညီမှုဖြင့် စတင်စို့၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် တရုတ်နဂါး၏ ဒဗလျူတီအို အနှစ် ၂၀ အလွန်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သူ သို့မဟုတ် မင်နီ၊ ဝတ္ထုတိုကဏ္ဍတွင် အဝါရောင်ကြယ်သီးတစ်လုံး၊ လျှို့ဝှက်ထားသည့် သူ့ဘဝ၊ အထွေထွေကဏ္ဍတွင် ငါးမျှားထွက်ခြင်း၊ အချိန် (၂)နှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ