“ယဉ်ယဉ် (ဘက်ရဲ)” ရေးသားသည့် “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ယဉ်ယဉ် (ဘက်ရဲ)” ရေးသားသည့် “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်တွင်  လူငယ်တို့၏ ဘဝတိုးတက်ရေးအတွက် အတုယူဖွယ်စိတ်ဓာတ်၊ ထားရှိရမည့် စိတ်နေသဘောထားတို့ကို ညွှန်းပြထားသည်။ မိသားစု စားဝတ်နေရေးအတွက် မိခင်၏  ရုန်းကန် လှုပ်ရှားရမှုများကို ကူညီလုပ်ဆောင်ရာမှ မှန်ကန်သော အတွေး အခေါ်၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့သည့် လူငယ်တစ်ဦး၏ဖြစ်ရပ်ကို အတုယူ အားကျဖွယ် ရေးသားထားသည်။ အခက်အခဲနှင့် ဆုံးရှုံးမှုများကြားမှ ရုန်းကန်နိုးထ မလျှော့သော လုံ့လဖြင့် အောင်မြင်မှုရအောင် ကြိုးစားလုပ်ဆောင်ခဲ့ပုံတို့ ပေါ်လွင်အောင် အပိုင်းများခွဲ၍ လူငယ်အကျိုးပြု ဝတ္ထုရှည်သဖွယ်၊ လူငယ်လမ်းပြဝတ္ထုတို ပေါင်းချုပ်သဖွယ် မျှတစွာ ရေးဖွဲ့ထားသည်။ ကျေးလက်သဘာဝနောက်ခံထားပြီး ရေးသားထားသဖြင့် ဗဟုသုတများ တိုးပွားစေသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ