“ဝတ်ရည်ခင် (ပဲခူး)” ရေးသားသည့် “မြန်မာ့မေတ္တာစွမ်း ကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“မြန်မာ့မေတ္တာစွမ်း ကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်သည် ကလေးငယ်များ အတွက် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ်လျက် အသိပညာမြင့်မားရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးစိတ် ရင့်သန်လာစေရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ်မြင့်မားရေးတို့အတွက် ရိုးရှင်း ပြေပြစ်သော စကားပြေဖြင့် ဝတ္ထုတိုပုံဟန်ဖွဲ့ဆို ရေးသားထားသည်။ ထို့ပြင် ကလေးငယ်များ မြန်မာမှုကို မြတ်နိုးလာစေရန်၊ အမိအဖဆရာသမားတို့၏ ဆုံးမသွန်သင်မှုကို လိုက်နာတတ်ကြစေရန် ပါးနပ်လိမ္မာစွာ တိုက်တွန်းနှိုးဆော်ထားသော ကလေးဝတ္ထုတိုစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။