“ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)” ရေးသားသည့် “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)” ရေးသားသည့် “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သရေခေတ္တရာ” စာအုပ်သည် အရှေ့တောင် အာရှရှိ မြို့ဟောင်းကြီးများအနက် သက်တမ်းအရှည်ကြာဆုံး မြို့ဟောင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံ ၏ အစောဆုံးမြို့ပြနိုင်ငံလည်းဖြစ်သည့် ပျူမြို့ဟောင်းကြီးများအကြောင်း သုတေသနပြုရေးသား ထားသည်။ ဒွတ္တပေါင်မင်းကြီးတည်ခဲ့သော ဘုရားများ၊ ပျူတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကုန်သွယ်ရေး၊ ပျူဒင်္ဂါး၊ သရေခေတ္တရာဒင်္ဂါး၊ မြေအိုး၊ အုတ်ခဲ၊ တံဆိပ်တုံးများ၊ မြေဆေးတံ၊ ပျူပုတီးစေ့၊ အုတ်ခွက်ဆင်းတုများ၊ ပျူခေတ် အနုပညာ၊ ရှေးဟောင်းကမ္ပည်းစာများ၊ ကျောက်ဆစ်လက်ရာများ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ ဆိုင်ရာရုပ်တုများ၊ ပရိဘောဂအသုံးအဆောင် စသည်တို့အပြင် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည့်ပြည့်စုံစုံ တင်ပြထားပါသည်။ ထို့ပြင် ပျူလူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် ထည်ဝါစွာ နေထိုင်ခဲ့ကြပုံများကို ကျမ်းကိုးစာရင်း၊ ရောင်စုံဓာတ်ပုံများ၊ မြေပုံ များနှင့်တကွ သုတေသနပြုကာ ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ