“အရှင်ပညာသာမိ” ရေးသားသည့် “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်စာပေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်စာပေ” စာအုပ်သည် ကရင်ပြည်နယ်၏ ပထဝီဝင်အနေအထား၊ ကရင်လူမျိုးတို့၏ ဇာစ်မြစ်၊ ကရင်လူမျိုး မျိုးနွယ်စု (၁၁) မျိုးထဲမှ လူဦးရေ ဒုတိယအများဆုံး ပိုးကရင်လူမျိုးများနေထိုင်ရာဒေသ၊ ပြောဆိုသောဘာသာစကား၊ အသံနေအသံထားကွာခြားမှုမှ ယခုမျက်မှောက်ကာလအထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ၊ ရိုးရာတူရိယာများ၊ ရိုးရာအက၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ကိုးကွယ် ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးစံ၊ ရိုးရာပွဲတော်ဓလေ့၊ တရားစီရင်ရေးတို့ကို တိတိကျကျ အသေးစိတ် ရှင်းလင်းပီပြင်စွာ ရေးသားထား သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။