“ကိုလေးပြည့်” ရေးသားသည့် “အမေကဗျာဆရာမနှင့် အခြားကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုလေးပြည့်” ရေးသားသည့် “အမေကဗျာဆရာမနှင့် အခြားကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အမေကဗျာဆရာမနှင့် အခြားကဗျာများ” စာအုပ်တွင် ကဗျာပုဒ်ရေ ၇၀ ပါရှိပြီး လေးလုံးစပ်၊ ရှစ်လုံးဖွဲ့၊ လေးဆစ်ချိုး၊ လေးချိုး၊ တျာချင်း၊ နွယ်သာကီသံဖြတ် စသည်ဖြင့် ကဗျာဖွဲ့နည်း စုံလင်စွာ ပါရှိသည့်အပြင် အကြောင်းအရာမှာလည်း စုံလင်ရုံမျှသာမက တင်ပြပုံများလည်း ဆန်းသစ်သည်။ မိဘကျေးဇူး၊ ဆရာကျေးဇူးများကို ဖွဲ့ဆိုသကဲ့သို့ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ကိုလည်း ဖွဲ့ဆို သီကုံးထားပြီး စိတ်ခွန်အားပေးသော ကဗျာများ၊ နှလုံးသားအာဟာရကဗျာများ၊ ကျေးလက် အလှကဗျာများ၊ မြန်မာ့ယဉ်ကျေးမှုဆိုရာကဗျာများ စသည်တို့ကိုလည်း ရေးသားဖွဲ့ဆို ထားသော ကဗျာစာအုပ်တစ်အုပ် ဖြစ်ပါသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ