၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့ ၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။