၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁  ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂)  နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊  နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊  သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် လူမှုဝန်ထမ်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊

အပိုင်း (၄) တွင် ကောင်းထက်မြန်မာစွမ်းအင် ကုမ္ပဏီလီမိတက် (KAUNG HTET MYANMAR ENERGY COMPANY LIMITED) နှင့် ရူဂျီ ငွေရေးကြေးရေး ကုမ္ပဏီလီမိတက် (RYUJI FINANCE COMPANY LIMITED) တို့၏ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ - ၃၄၈ အရ၊ PADAUK - J P K GROUP COMPANY LIMITED (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ IN THE MATTER OF MYANMAR COMPANIES LAW SECTION 348 FORAIN MYANMAR LIMITED (In member's voluntary winding-up) NOTICE OF RESOLUTIONS၊ CommScope Myanmar Limited (Voluntary Winding-up)၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၈ အရ (LION ENERGY GENERAL SERVICES COMPANY LIMITED) ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ Notice CITYNEON MYANMAR COMPANY LIMITED (In member's Voluntary Liquidation) Pursuant of Section 357 (A) of the Myanmar Companies Law (2017) Final Meeting၊ ဖြိုးသီဟကျော်မိသားစု သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (Phyo Thiha Kyaw Family Mining Co.,Ltd) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၆ (၁) အရ ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ အေးရှဲန်းအက်စ်စစ်စတဲန်စ် ကုမ္ပဏီလီမိတက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ မိုးသွယ်ကုမ္ပဏီလီမိတက် (Moe Thwe Company Limited) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ အပ်(ဖ်) အီး ဖူစ့် အန် ဘယ်ဖရစ် မြန်မာကုမ္ပဏီ လီမိတက် (FE Foods & Beverages Myanmar Company Limited) ဖျက်သိမ်းခြင်နှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ ရွှေမန်းကုမ္ပဏီလီမိတက် (Shwe Mann Company Limited) အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ (In Members' Voluntary Winding-up) SYNERGY GROWTH AUDIT & CONSULTING COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ Huidong International Engineering (Myanmar) Co., Ltd ကုမ္ပဏီစာရင်းအပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားချက်၊ တက်နေဖွံ့ဖြိုးမှုကုမ္ပဏီ လီမိတက် (တရားရုံးအမိန့်အရစာရင်းရှင်းလင်းဖျက်သိမ်းဆဲ) တို့ ပါဝင်သည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ