၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ စာပဒေသာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၇ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စာပဒေသာ အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ဆေး/မန်း)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမြဝင်း (မြဝင်း-ဒဿန) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် စာပဒေသာ များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။