“ကိုတူး (သာယာမြိုင်)” ရေးသားသည့် “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုတူး (သာယာမြိုင်)” ရေးသားသည့် “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ကိုတူး (သာယာမြိုင်)” ၏ “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ”  စာအုပ်သည် အဝတ်အထည်များပေါ်တွင် တံဆိပ်ရိုက်သည့် ပုံနှိပ်လုပ်ငန်းကို အခြေခံမှစ၍ လက်တွေ့ဆောင်ရွက်ပုံ အဆင့်ဆင့်ကို သာမန်စာဖတ်ပရိသတ်များ နားလည်လွယ်အောင် ရှင်းလင်းရေးသား တင်ပြထားသည်။ ဒီဇိုင်း၊ အ‌ရောင် ရွေးချယ်မှုများအထိ လမ်းညွှန် အကြံပေးထားပြီး တစ်နိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေသူများအတွက် လည်း လက်တွေ့အသုံးချနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ