၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။ အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ အပိုင်း (၄) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာ၊ LEAD CARGO SERVICES CO., LTD Notice Under Section 206 (1) of the Myanmar Compaines Act (In Voluntary Liquidation)၊ Finmax Company Limited နှင့် ROYAL K COMPANY LIMITED တို့၏ (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ HLWAN MOE THU COMPANY LIMITED နှင့် HEIN HTET YAR ZAR COMPANY LIMITED တို့ကိုဖျက်သိမ်းရန်ကြော်ငြာချက်၊ OAK TRADING CO., LTD၊ ZWE THIHA TRADING LIMITED၊ ZWE THIHA GEMS & JEWELLERY CO.,LTD၊ YADANAR OAK SOE KHANT MINING CO.,LTD၊ YADANAR AUNG PHONE KHANT GEMS CO., LTD နှင့် YADANAR OAK SOE KHANT GEMS CO.,LTD တို့၏ (အစုရှင်များ ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံးအစည်းဝေးဖိတ်ကြားခြင်း၊ ဒီအက်ပါးရွန်းနယူးလိုက် ကုမ္ပဏီလီမိတက် (The Upper Room New Life Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ (၂၀၁၇) ပုဒ်မ - ၃၅၇ (က) အရ ကြေညာစာ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ၊ မြန်မာ့မန်မိုရီ ထရားဗဲ အန်တိုး ကုမ္ပဏီလီမိတက် (Myanma Memory Travels & Tours Co., Ltd) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်း၊ ကောင်းကင်တမန်နတ်သမီး ကုမ္ပဏီ လီမိတက် (Seraphim Company Limited) မြန်မာကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ - ၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ကောင်းကင်တမန်နတ်သမီး ကုမ္ပဏီ လီမိတက် ရရန်ရှိသည့်ကြွေးများတောင်းခံရန် သတိပေးခြင်း (Claim Notice) တို့ပါဝင်ပါသည်။ ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ