၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။ အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ အပိုင်း (၄) တွင် WIN CITY GEMS & JEWELLERY COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ-၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီအလျောက် ဖျက်သိမ်းခြင်း၊ အေးရှားအီလက်ထရစ်ဝိုင်ယာအင်(န်) ကေဘဲ(လ်) ကုမ္ပဏီလီမိတက် (ASIA ELECTRIC WIRE & CABLE CO., LTD)၊ သခင်မ ကုမ္ပဏီ လီမိတက် (THA KHIN MA COMPANY LIMITED)၊ ထမင်းအိုး ကုမ္ပဏီ လီမိတက် (RICE POT COMPANY LIMITED)၊ LATITUDE TECHNOLOGY CO., LTD တို့ (အစုရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း)၊ Myan Pyi Thit Construction Co., Ltd (အစုရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ ရွှေလိပ်ပြာတောင်တန်း ကုမ္ပဏီလီမိတက် (GOLDEN BUTTERFLY HILL COMPANY LIMITED) အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ Linn Mahar (Myanmar) Company Limited (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ALPHA BOOKS COMPANY LIMITED နှင့် ALPHA DIGITAL COMPANY LIMITED တို့ ဖျက်သိမ်းရန်ကြော်ငြာချက်၊ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း Myanmar Education Development Co., Ltd ဖျက်သိမ်း၇န် ကြေညာချက်၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ Queen Venus Co., Ltd ကို အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာချက်၊ ပညာဒီပံ ကုမ္ပဏီလီမိတက် (PYNNYADEPAN COMPANY LIMITED) ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ ဘောဂဂုဏ် ကုမ္ပဏီလီမိတက် (Bawga Gone Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၂၀၆ (င) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်းတို့ ပါဝင်ပါသည်။ ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ