၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၀ ပြည့်နှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၀ ပြည့်နှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppe Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၈) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် မေလ (၂၆) ရက်တွင် စာအုပ် (၄၁) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည်-
(၁) ဦးညွှတ်ခွင့်လေးရပါရစေနှင့် အခြားဆောင်းပါးများ စုစည်းမှု - ခင်သန္တာ၊ (၂) ငှက်တစ်ကောင်နှင့်လူ (မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှု) - ဟန်သုသော်၊ (၃) သူများပါးစပ်ဖျားမှာ လမ်းဆုံးမှာလား … နှင့် အခြားဆောင်းပါးများ - မောင်ထက်ဝေ၊ ငါ့တရော်၊ (၄) စွဲထင်ကျန်ရစ် အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတိုများ - ခင်လေး (ပြည်ထောင်စုနယ်မြေ)၊ (၅) စကားများတဲ့ တီကောင် ဝတ္ထုတိုစုစည်းမှု - ချစ်ခိုင်စံ (ဘီအီးဒီ)၊ (၆) အရည်သွေးပြည့်ဝသောအခြေခံပညာရေး လုပ်ငန်းစဉ်များ - ဦးငွေတိုး (ကျွမ်းကျင်သူ၊ လေ့လာ/သူ)၊ (၇) လူပျို အပျိုဖတ်စာ - အကြည်တော်၊ (၈) N.L.D ဖတ်ဖို့ ကြောက်လို့ရေးတဲ့စာ (ဆောင်းပါးများ) - မြတ်သာထွန်း (ရွှေစံပြ)၊ (၉) အောက်ခေါင်းကြီး - စိုးဘားဒိုင်၊ (၁၀) ပိုးဖလံတစ်ကောင်၏တမ်းချင်းနှင့် အလင်းဖွဲ့ကဗျာများ - ကိုရင်ရွှေဗျိုင်း (နေနတ်သား)၊ (၁၁) သိပ္ပံအရေး မေးလိုရာမေး - ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)၊ (၁၂) တောအလယ်အပြောကြွယ် မမောတယ် ရန်ကုန်တက္ကသိုလ်ရာပြည့် သဘင် ဂုဏ်ပြုကဗျာများ - ချစ်ဒေါင်းဆွေ (ပန်းတော-ရေကြည်)၊ (၁၃) သမိုင်းရှုထောင့် - ဒေါက်တာ ညိုအောင်၊ (၁၄) အသက်ရှည်သူများ၏ လျို့ဝှက်ချက်နှင့် ကျန်းမာသုတအဖြာဖြာ - ဒေါ်စောကြိုင် (အငြိမ်းစားပါမောက္ခ)၊ (၁၅) ပူစီလေးကိုချစ်တယ် ကလေးဝတ္ထုတိုများ - မေဇွန်အေး၊ (၁၆) နေဝင်သောခရီးသည်နှင့် အခြားဝတ္ထုများ - မန်းစံရွှေ (ကျောက်စရစ်)၊ (၁၇) တောင်မြူခိုးကြားမှ အလှပန်းများ - မင်းလပြည့် (ဟားခါး)၊ (၁၈) အနာဂတ်ပန်းဥယျာဉ် ကလေးကဗျာများ - စောဘုန်းခန့် (ဖလဲ)၊ (၁၉) လှသောမွှေးသောပန်းနှင်းဆီ (အမျိုးသမီးများ သိမှတ်ဖွယ်ရာ ကျန်းမာရေး ဆောင်းပါးများ) - မောင် (ဆေး-၁)၊ (၂၀) တို့သည်မြန်မာဖြစ်သောကြောင့်နှင့် အခြားဆောင်းပါးများ - သင်းသင်း (မန္တလာ)၊ (၂၁) နှလုံးသားပဲ့တင်သံ (ကိုယ်တွေ့ဝတ္ထုများ) - သန်းစိုးအောင်၊ (၂၂) မိုးနှံသီးမှည့်ခူးခဲ့ပါ - မောင်သုခ (တမာမြေ)၊ (၂၃) တောင်တွေကိုကျော်ကာရယ်တိမ်တွေဆီ ရောက်ခဲ့တယ် - ဒေါက်တာနီလာသိန်း၊ (၂၄) တတ်သိလိမ္မာရင်သွေးရတနာ (ကလေးဝတ္ထုတို) စာပေဗိမာန်စာမူဆုရ - ညွန့်ဝင်း (နတ်တလင်း)၊ (၂၅) ချိုတမြမြ ခါးသလေလေ မဂ္ဂဇင်းဝတ္ထုတိုများ - မင်းအဂ္ဂ (ဆင်တဲဝ)၊ (၂၆) ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသဘောတရားအမြင်များ - မနွဲ့ရီ (မဟာဝိဇ္ဇာ)၊ (၂၇) ချင်းတောင်တန်းက ပညာရေးလမ်းပြကြယ်တစ်ပွင့် - တက္ကသိုလ်စိန်မြင့်ထွန်း၊ (၂၈) ယနေ့တိုင်မမေ့နိုင်ပါသော … - မလေး (မုံရွာ)၊ (၂၉) လွယ်ကူစစ်ဆေးသင့်ကျန်းမာရေး - ဒေါက်တာခင်မိုးမိုး၊ (၃၀) ဆန်တိုရီနီအေသင်နှင့်ဂရိတစ်ခွင်ခရီးနှင် - ဒေါက်တာတင်ထွန်းဦး၊ (၃၁) ထူးဆန်းခန္ဓာအဖြေရှာ - ဒေါက်တာနုမြတ်သိင်္ဂီဦး၊ (၃၂) သတိပြုစရာကျန်းမာရေးပြဿနာအဖြာဖြာ (ပထမတွဲ) - ဒေါက်တာခင်မိုးမိုး၊ (၃၃) သတိပြုစရာကျန်းမာရေးပြဿနာအဖြာဖြာ (ဒုတိယတွဲ) - ဒေါက်တာခင်မိုးမိုး၊ (၃၄) နပိုလီကာနီဗယ်လ်မီယာမီနှင့်ကမ္ဘာတစ်ပတ်သုတရှာဖွေခြင်း - ဦးဝင်းထိန် (ဟိုတယ်ခရီး)၊ (၃၅) ကျော်ရှိန်း - သိန်းဝင်းထွန်း (ဆွာ)၊ (၃၆) ဘဝချိုခါး မုန့်လုပ်စား - ဒေါက်တာချစ် (စိုက်ပျိုးရေး)၊ (၃၇) မဂ္ဂဇင်းဝတ္ထုရှည်များ - ရွှေကူမေနှင်း၊ (၃၈) သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြန်မာ့စီးပွားရေးအလားအလာ - မင်းဘရွှေ၊ (၃၉) THILAWA SPECIAL ECONOMIC ZONE AND MYANMAR’S ECONOMIC PKOSPECTS – MIN BA SHWE၊ (၄၀) စစ်မြေပြင်အတွေ့အကြုံများနှင့် ဂမ္ဘီရဖြစ်ရပ်မှန်များ - ဗန္ဓုလတင့်ဆွေ၊ (၄၁) ရာမည - ပန်းတနော်