“မောင်နေခြည် (ပြည်)” ရေးသားသည့် “နှလုံးသားထဲက ခဲလက်ရေးနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မောင်နေခြည် (ပြည်)” ရေးသားသည့် “နှလုံးသားထဲက ခဲလက်ရေးနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“နှလုံးသားထဲက ခဲလက်ရေးနှင့် အခြားဝတ္ထုတိုများ” စာအုပ်သည် ကျေးရွာအခြေပြု ဝတ္ထုများဖြစ်ပြီး၊ စုစုပေါင်း ၁၁ ပုဒ် ပါဝင်သည်။ ဇာတ်ဆောင်များမှာ ပန်းရန်သံလက်ကိုင်၊ ကောက်စိုက်စည်းသူကြီး၊ ငှက်ထောင်သမား၊ ခြများကို ငါးစားပြု၍ လက်ရိုးတစ်လျှောက် ငါးဖမ်းသူ ဇနီးမောင်နှံ ဝမ်းရေးအတွက် တောထဲဝင် သပြေပန်းချိုးကြသော ကွင်းကြီးရွာသားများ စသည် စသည်ဖြင့် အမျိုးအမည်  အမည်စုံလှပါသည်။

ထိုအခြေခံလူတန်းစားများကို ဇာတ်ဆောင်ပြု၍ သူတို့၏ ဘဝများကို ရေးချယ်ပြခဲ့သည်။ စာဖတ်သူအားလည်း ဆက်လက်တွေးစရာ အတွေးလေးများကို ချန်ပေးခဲ့သည်။ ဒေသဓလေ့ စရိုက်နှင့် ဒေသအဖွဲ့ အဖွဲ့များကိုလည်း ပိုင်နိုင်ရေးနိုင်သည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ