၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ ( ၄၈)၊ အမှတ်(၇) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''အမျိုးသမီးများ၏ အခန်းကဏ္ဍ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အမျိုးသမီးများအတွက် လုံခြံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်ဖို့ရာ၊ တန်ဖိုးရှိသော အမျိုးသမီးများ သို့မဟုတ် အမျိုးသမီးများ၏ တန်ဖိုး၊ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးရေး၊ ကဗျာကဏ္ဍတွင် အမြင့်နှင့် အနိမ့်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ခိုင်မာတဲ့ဆုံးဖြတ်ချက်၏ စွမ်းအား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၏ အောင်မြင်မှုလှေကားထစ်များ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကိုဗစ် တတိယလှိုင်းနှင့် ကမ္ဘာ့နိုင်ငံများ၊ စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ အောင်မြင်မှု ဆိုတာ လေ့လာသင်ယူခြင်းလား၊ ဆက်သွယ်ဆက်ဆံရေးကျွမ်းကျင်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အသေးလေးတို့၏ အံ့ဖွယ်ကမ္ဘာ သို့မဟုတ် နာနိုနည်းပညာ၊ ကမ္ဘာ့သံလိုက် မြောက် ဝင်ရိုးစွန်း ရွေ့လျားခြင်း၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပြုန်းတီးမှုများနေသည့် ကမ္ဘာ့အကြီးဆုံး မိုးသစ်တော၊ အဆင့်နိမ့်ကပ်ပါးတို့၏ အဆင့်မြင့်ဖြစ်စဉ်များ၊ ဖလမ်မင်ဂိုဌက်များ အကြောင်း၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် အမုန်းစကားဆို No…ပါ၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ဂါနာနိုင်ငံ၏ ကလေးလုပ်သားပြဿနာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၅)၊ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး၊ ကျန်းမာခြင်းသည် မြတ်သောအလှ၊ ကျန်းမာရေးကို ထိခိုက်စေသည့် Junk Food၊ မျက်စိခြောက်သွေ့ခြင်းကို သက်သာစေမည့် အကောင်းဆုံးနည်းလမ်းများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဝိညာဉ်တို့၏ မင်္ဂလာပွဲ၊ စက်ဘီးပေါ်မှ ဘဏ် ဓားပြ၊ ဝတ္ထုတိုကဏ္ဍတွင် ပဉ္စလက်ဇီဇဝါ၊ ငွေလရောင် ရွှန်းမြ ကြယ်တွေစုံတဲ့ည၊ အထွေထွေကဏ္ဍတွင် ကျောင်းသားနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ပန်းအလှတဝေဝေ၊ လွယ်မယောင်နဲ့ခက်တဲ့ အချစ်ရဲ့ အပြစ်ဖွဲ့ တတ်မှုလေးတွေနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။