၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကနဦးအတည်ပြုအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် အဆင့်ဆင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။ 

1-73
 

2-59

အကြံပြုစာ/တိုင်ကြားစာ