၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကနဦးအတည်ပြုအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ) က ခွင့်ပန်ခဲ့သည်။

အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် အဆင့်ဆင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။ 

2421
 

အကြံပြုစာ/တိုင်ကြားစာ