စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ (၄၈)၊  အမှတ်(၉) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ထက်မြက်သော ခေါင်းဆောင်မှု'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ခေါင်းဆောင်ကောင်း၊ တိုင်းပြည်ကောင်း၊ အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်သည့် ထိရောက်သော ခေါင်းဆောင်မှု၊ ကဗျာကဏ္ဍတွင် အော်ဇီမင်းဒီယပ်စ် ပြည့်ရှင်မင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စဉ်ဆက်မပြတ် တိုးတက်အောင်လုပ်၊ အပန်းဖြေ အနားယူတတ်ပါစေ၊ သင်ယူမှု အကြောင်း သိကောင်းစရာ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော်နှင့် ရုပ်တုများ၊ နျူကလီးယားစစ်ပွဲကို ရှောင်လွှဲနိုင်မည့် အချက်သုံးချက်၊ အာဆီယံ - အမေရိကန် စာရေးဆရာများ၊ ဥရောပတစ်လွှားမှ ထူးထွေဆန်းပြား ရိုးရာဓလေ့ပွဲများ၊ ဆယ်လီ ကျူရှင်ဆရာများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင်  ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခြင်းသည် နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေသလား၊ နစ်နာဆုံးရှုံးမှု ဖြစ်စေသလား၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် နေသို့ စူးစမ်းလေ့လာရေးခရီး၊ သဲကန္တာရထဲက အစိမ်းရောင်ပန်းတစ်ပွင့်၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အားအသန်စွမ်းဆုံးသော တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်လေးများ၏ အရေးပါမှု၊ မူးယစ်ဆေးဝါး ဆိုင်ရာကဏ္ဍတွင် အန္တရာယ်မြစ်ဖျား မူးယစ်ဆေးဝါး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲနေထိုင်ခြင်း အနုပညာ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၇)၊ မျက်ရည် ဘာကြောင့်ကျရတယ်၊ အသည်းကင်ဆာရောဂါအကြောင်း သိစေချင်၊ ကလေးဘဝ ကူးစက်တတ်သော ရောဂါများ၊ အပူချိန်မြင့်တက်လာမှုနှင့် လိုက်လျောညီသည့် ကျန်းမာရေးသုတများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပရဟိတအကျိုး ဆောင်ရွက်ကြသော လူချမ်းသာများ၊ စိတ်ရင်းအမှန်၊ ဝတ္ထုတိုကဏ္ဍတွင် ရင်ထဲက တေးသံစဉ်၊ ပြစ်ဒဏ်ဟူဘိ လွတ်ရိုးမရှိ၊ ကြမ်းသောလမ်းက သူလျှောက်ခဲ့ပါသည်၊ အထွေထွေကဏ္ဍတွင် သေတ္တာထဲက အဖြေနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ