“မောင်နေခြည် (ပြည်)” ရေးသားသည့် “သူတို့လောက သူတို့ဘဝ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“မောင်နေခြည် (ပြည်)” ၏ “သူတို့လောက သူတို့ဘဝ” စာအုပ်သည် ဝက်ထီးကန်မြို့ရှိ ကျေးရွာတစ်ရွာမှ ကျွဲ၊ နွားဝိဇ္ဇာ ဆရာတစ်ဦးကို ဇာတ်ကောင်အဖြစ်ထားရှိ၍ နွားတို့၏ သဘာဝ၊ စိတ်နေစိတ်ထား၊ အသွေးအရောင်၊ ဉာဉ်ဆိုး ဉာဉ်ကောင်း စသည်တို့အပြင် မြန်မာ့ဓလေ့ထုံးစံများ အတွင်းရှိ နွားနှင့် စပ်ဆိုင်သည့် အကြောင်းရပ်များ ပါဝင်သည်။
ဘဝပေးအခြေအနေအရ ဘဝကြမ်းကြမ်းကို ဖြတ်သန်းနေရသော်လည်း သူတို့၏ စိတ်သန္တာန်ဝယ် ကိုယ်ချင်းစာစိတ်၊ သနားညှာတာစိတ်၊ အမှားကို ကျူးလွန်မိပြီးသည့်နောက် နောင်တတရားနှင့်အတူ အမှန်ကိုခွဲခြားသိမြင်လာစိတ် စသည်တို့ ကိန်းဝပ်လျက်ရှိနေကြောင်း ပေါ်လွင်အောင် ဖော်ပြထားသည်။ ကျေးလက်ဒေသ လူနေမှုဘဝ၊ လယ်ယာလုပ်ငန်းခွင်တွင် အရေးပါသည့် ‘နွား’ အကြောင်းနှင့် နွားအရောင်းအဝယ်စျေးကွက်ကို အသေးစိတ်လေ့လာပြီး သုတရောစွက်ကာ ရေးဖွဲ့ထားသော ဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။